“Russian Chaga” အလှကုန်ပစ္စည်းသည် “Russian Chaga” အမှတ်တံဆိပ်၏ တိုးတက်မှု အသစ်တစ်ခု ဖြစ်ပါသည်။ ကျွမ်းကျင်မှု အသိပညာများနှင့် ဗဟုသုတအပေါ် အခြေခံ၍ “Russian Chaga”

အမှတ်တံဆိပ်၏ အခြေခံမူများ၊ အတွေးအခေါ်များနှင့် ကိုက်ညီပြီး ဆန်းသစ်သော ကမ္ဘာ့အဆင့်မီ အလှကုန်ပစ္စည်း အသစ်တစ်ခုကို တီထွင်ဖန်တီးရန် ဆုံးဖြတ်ခဲ့သည်။ ထိုအတွက်ကြောင့် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသည့်  ကိုရီးယားကုမ္ပဏီတစ်ခုနှင့် အတူ ကိုရီးယားတွင် Russian-Korean ဖက်စပ် ကုမ္ပဏီ တစ်ခု တည်ထောင်ခဲ့ပါသည်။ ကိုရီးယားအလှကုန်များသည် တင်းကြပ်သော နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော နည်းပညာဆိုင်ရာ ပေါင်းစပ်ခြင်းများနှင့် စက်ရုံများကို အသုံးပြု၍ တမူထူးခြားသော သဘာဝပါဝင်ပစ္စည်းများကို နောက်ဆုံးပေါ် သိပ္ပံနည်းပညာအသစ်များဖြင့် ပေါင်းစပ်ထုတ်လုပ်မှုကြောင့် ကျော်ကြားပါသည်။ ကိုရီးယားအလှကုန်များသည် သင့်တင့်သော စျေးနှုန်းနှင့် နည်းပညာအပေါ် အခြေခံ၍ ကိုရီးယားနိုင်ငံ၏ ကိုယ်စားပြု ထုတ်ကုန်တစ်ခု ဖြစ်ပြီး ခေတ်မှီဆန်းသစ်သော ကိုရီးယားအလှတရားမှ တစ်ဆင့် ခေတ်ရေစီးကြောင်းနှင့် အတွေးအမြင်အသစ်များကို ရရှိရန် ကိုရီးယားနိုင်ငံကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

အရည်အသွေးမြင့် အမှတ်တံဆိပ် Russian Chaga သည် ရုရှားနိုင်ငံ မြောက်ပိုင်းရှိ သဘာဝ သယံဇာတများနှင့် တောင်ကိုရီးယားနိုင်ငံရှိ  နောက်ဆုံးပေါ် နည်းပညာတို့၏ ပေါင်းစပ်မှု ရလဒ် တစ်ခု ဖြစ်ပါသည်။Russian Chagaကို ကမ္ဘာအနှံ့ရှိ အမျိုးသမီးများ၏ အလှအပနှင့် ငယ်ရွယ်မှုကို ထိန်းသိမ်းပေးရန် ရည်ရွယ်၍ ဖန်တီးခဲ့သည်။ 

ထူးခြားသော အလှကုန်ပစ္စည်း ထုတ်လုပ်မှု ပုံစံသည် နှစ်နိုင်ငံလုံး၏ ဗဟုသုတနှင့် အတွေ့အကြုံမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။Russian chaga မှို၏ ထူးခြားသော ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများနှင့် ကိုရီးယားအလှကုန်၏ သဘာဝပါဝင်ပစ္စည်းများသည် ကမ္ဘာပေါ်တွင် အလားတူ အကျိုးသက်ရောက်မှု မရှိသော အားကောင်းသည့် ပေါင်းစပ်မှုသစ် တစ်ခုကို ဖြစ်ပေါ်စေပါသည်။

RUSSIAN CHAGA အလှကုန်သည် ကိုရီးယားနိုင်ငံ၏ ဂုဏ်သရေအရှိဆုံး အလှကုန်ကျွမ်းကျင်သူများ၊ ဆရာဝန်များ၊ ဓာတုဗေဒပညာရှင်များနှင့် ပူးပေါင်းပြီး အကောင်းဆုံးသော အရည်အသွေးနှင့် အာဏိသင်ကို အာမခံပါသည်။

ထုတ်ကုန်ပစ္စည်း အသစ်များ

    Adenosine Chaga mushroom extract Hydrolyzed collagen Meadowfoam seeds oil Niacinamide Soybean oil Volufiline

    Triple Serum Fluid

    180ml / 6.09oz
    Serum အရည် ၂ လွှာ ပါ၀င်သည့် ဆန်းသစ်မှုကြောင့် အာဟာရဓာတ်နှင့် အတူ အသား‌အရေကို နက်ရှိုင်းစွာ စိုပြေစေပါသည်။ အပင်မှ ရရှိသော အဆီနှင့် အတူ အခြားသော ပါဝင်ပစ္စည်းများသည် မျက်နှာသန့်စင်ပြီးနောက် အရေပြား တင်းကျပ်မှုကို တားဆီးပေးပြီး ရေ – ဆီ ပမာဏ ညီမျှမှုကို ပုံမှန် ဖြစ်စေပါသည်။
    Adenosine Aloe Barbadensis Leaf Extract Anise Extract Aсai Dry Extract Bergamot Essential Oil Chaga mushroom extract Elderberry extract Garlic Extract

    Triple Gold Rich Cream

    80ml / 2.71oz
    Moisturizing Cream တွင် သဘာဝ ပစ္စည်းများ၊ ဗီတာမင်များနှင့် အာဟာရဓာတ်များဖြင့် ပြည့်နေသော golden capsule များ ပါဝင်ပြီး သင့် အသားအရေကို တစ်နေ့လုံး တောက်ပရွှန်းစိုစေပါသည်။
    Adenosine Beta-Glucan Caviar Extract Chaga mushroom extract Niacinamide Panthenol Volufiline Wild yam root extract
    Essence ၏ antioxidant lifting formula သည် အရေပြား၏ အကာအကွယ်ကို ပိုမိုအားကောင်းစေပြီး အသားအရေ တင်းအိမှုကို ဆက်လက်ထိန်းသိမ်းပေး၍ အသားအရေ၏ အရောင်အသွေးကို ပြန်လည် ကောင်းမွန်လာစေပါသည်။
    Adenosine Arginine Ceramide NP Chaga mushroom extract Niacinamide Volufiline
    အသားအရေ တင်းအိမှုကို ပိုမိုကောင်းမွန်စေ၍ အရေးအကြောင်းများနှင့် မျက်ကွင်းညိုခြင်းအား ဖယ်ရှားပေးကာ ကျန်းမာရွှန်းလဲ့သည့် အသွင်အပြင်ကို ပြန်လည်ရရှိစေပါသည်။